ရေချိုးတဲ့အခါ ဆပ်ပြာနဲ့ မျက်နှာမသစ်သင့်တဲ့ အကြောင်းအရင်း
30-Oct-2016
ရေချိုးကြတဲ့အခါ ဆပ်ပြာတိုက်ရင်း မျက်နှာသစ်တတ်ကြတာ ထုံးစံဖြစ်ပါတယ်။ ဒါပေမယ့် အသားအရည် အလှအပ ကျွမ်းကျင်သူ ပညာရှင်တွေကတော့ ဒါကို သဘောမတူကြပါဘူး။
ရေချိုးတဲ့အခါ မျက်နှာကို ဆပ်ပြာတိုက်တာဟာ အသားအရေ ပျက်စီးဖို့ နည်းလမ်းဖြစ်ကြောင်း ပညာရှင်တွေက ဆိုပါတယ်။ ပထမဆုံး အကြောင်းပြ ချက်ကတော့ ရေအပူချိန်ကြောင့်ပါ။ မျက်နှာကိုဆေးကြောသန့်စင်တဲ့ အခါ ပတ်ဝန်းကျင်နဲ့ လို်က်ဖက်တဲ့ ရေအပူချိန်မရှိရင် အသားအရည်ကို အလွန်ပျက်စီးစေပါတယ်။
ရေချိုးပြီး မျက်နှာဆေးကြောတဲ့အခါ ခပ်နွေးနွေးပြုလုပ်ထားတဲ့ ရေထက်ရေအေးသာ အသုံးပြုဖို့ ပညာရှင်တွေက တိုက်တွန်းပါတယ်။ ရေချိုးနေတုန်း မျက်နှာဆေးကြောသန့်စင်တဲ့အခါ ဆပ်ပြာတွေနဲ့ ဆံပင်ပျော့ဆေးတွေက မျက်နှာမှာ ကျန်ခဲ့နိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Duwun
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

